အမြို့မြို့အနယ်နယ်သတင်းများ

May 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကြူအိုင်ကျေးရွာ၌ (၁၀)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ  ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
May 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်ထုတ် မိဘပြည်သူများအား ယနေ့နံနက် (၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
May 21,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2025
မတ်လ (၂၈) နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်း ငလျင်ဒဏ် သင့်ခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ဗီယက်နမ်ဆရာတော် ဦးဝိမလ ဦးဆောင်သော ဘာသာရေး အဖွဲ့သည် လူသားခြင်းစာနာသောအားဖြင့် ထောက်ပံ့လှူဒါန်းမှူများ ဆောင်ရွက်လျက်ရှိရာ မေလ (၂၀) ရက်နေ့ နံနက် (၈) နာရီတွင် ၆၀*၆၂ လမ်းကြား၊ ၃၃ C လမ်း၊ အကွက် (၄၁၄/နဂါး) လှထွေကျောင်းတိုက် ပတ္တမြားကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။
May 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာတတ်သော ဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများ ထိခိုက်ဒဏ်ရာရရှိသူများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်နှင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိသူများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့သည်။
May 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။