ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့် ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများအား လှည့်လည်ကြည့်ရှု

ဖျာပုံ ဇန်နဝါရီ ၁၀

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိမဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌဦးသန့်ဇင်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လိုက်ပါလျက် ဖျာပုံမြို့မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများ၌ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲရုံအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ အနည်း၊ အများအပေါ် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ပြည်သူများအဆင်ပြေစွာ ဆန္ဒမဲများပေးနိုင်ရန်အတွက် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ခံများအား လိုအပ်သည်များကို လမ်းညွှန်မှားကြားသည်။

ဖျာပုံမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင်ပါဝင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံအား ဆန္ဒမဲပေးရန် ဆောင်ရွက်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၂၀၀၉၉၉)ဦးရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)