Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်ချောင်းမြို့နယ်၌ ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိ
May 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံ လုပ်ကိုင်သူများသည် ယခုအချိန်တွင် ရာသီပေါ်ဒူးရင်းသီးပေါ်ထွက်ချိန်ကာလဖြစ်၍ ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ၏ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူ ဒေါ်တင်နုထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိ
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၈) နာရီက စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ စိုက်ပျိုးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ
May 22,2025
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ဦးဆောင်ကျင်းပသော စိုက်ပျိုးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောလမ်းရှိ ပြည်စိုးစံဥယျာဉ်ခြံ၌ မေလ ၂၀ ရက်နေါ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျွန်းစုမြို့တွင် ကျင်းပ
May 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့ နံနက် (၈) နာရီ အချိန်က ကျွန်းစုမြို့၊ ကပကျေးရွာ၊ ကတန်ကျွန်းပတ်လမ်းနံဘေး သတ်မှတ်ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းတွင် ဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့်သင်တန်း (၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 22,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဥ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့်ထိခိုက်ဒဏ်ရာများရရှိပါက မှန်ကန်သောရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ခြင်းပြုစုစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်သင်တန်း(၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လည်က မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်
May 22,2025
မွန်ပြည်နယ်ပေါင်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က ပေါင် ကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့်ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
May 22,2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ကျုံကဒက်ကျေးရွာ တောင်သူဦးကျော်ဆန်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
May 22,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျိုက်ပိကျေးရွာ တောင်သူဦးသီဟလွင်၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1570
Page
1571
Page
1572
Page
1573
Current page
1574
Page
1575
Page
1576
Page
1577
Page
1578
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department