Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ( Youth Peace Forum 2026 )သို့ တက်ရောက်မည့် နေပြည်တော်လူ…
Jan 11,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ချင်းတွင်းလမ်းနှင့် သီရိမဏ္ဍိုင်လမ်းတို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာလှပစေရေး၊ လမ်းဥပဓိရုပ်ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ လမ်းပုခုံးမြေသားများ လမ်းမျက်နှာပြင်ထက် မြင့်တက်နေမှုမရှိစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး မြေယာရှုခင်းများ၌ ရာသီအလိုက်ဖူးပွင့်သော ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးရေး၊ လမ်းဘေးဝဲ/ယာ အရိပ်ရအပင်များ ထပ်မံတိုးချဲ့စိုက်ပျိုးရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက်ဆန္ဒမဲပေးလျက်ရှိ
Jan 11,2026
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) တွင် ပါဝင်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ သတ်မှတ်မဲရုံအလိုက် ဖွင့်လှစ်သည့်နံနက် (၆)နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများသည် နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးရန် မြေနမူနာယူခြင်း ဆောင်ရွက်နေမှုများအား ကွင…
Jan 11,2026
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ကော်မတီဝင်ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးရန် မြေနမူနာယူဆောင်ရွက်ခြင်းများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး မချမ်းဘောမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများအားကွင်းဆင်းစစ်ဆေး
Jan 10,2026
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ(၁၀)ရက် နံနက်ပိုင်းက ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မချမ်းဘောမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူ များ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံများခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် မတ္တရာမြို့နယ်၌ မဲရုံနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
Jan 10,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို
Jan 10,2026
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 10,2026
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်မည်ဖြစ်ရာမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူ
Jan 10,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား မဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1570
Page
1571
Page
1572
Page
1573
Current page
1574
Page
1575
Page
1576
Page
1577
Page
1578
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department