မိုင်းခတ်မြို့၌ နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး “အများပြည်သူများသို့ ထုတ်ပြန်ချက်” Billboard စိုက်ထူ

မိုင်းခတ် အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး “အများပြည်သူများသို့ ထုတ်ပြန်ချက်” Billboard စိုက်ထူခြင်း အသိပညာပေးစာစောင်ကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပန်းခြံတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ မိုင်းခတ်မြို့နယ် ဌာနဆိုင်ရာများ၊ မိုင်းခတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများက အသိပညာပေး Billboard ကိုစိုက်ထူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)