ဇလွန် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက “မီးသတ်တပ်ဖွဲ့မှာရှိတဲ့ အဓိကတာဝန်ကြီး (၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ တာဝန်ကြီး(၄)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကာလတွင် သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူ၍ ရပ်ရွာပြည်သူလူထု လေးစား ယုံကြည် အားကိုးလောက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ၊ စာရေးကိရိယာများ၊ ဆေးဝါးထောက်ပံ့ပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။ အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ကို (၃.၁၀.၂၀၂၂) ရက်နေ့မှ (၂၈.၁၀.၂၀၂၂) ရက် နေ့အထိ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)