ကျိုက်လတ်၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲကျင်းပ

ကျိုက်လတ် အောက်တိုဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် (၉)နာရီက အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင် က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ် တပ်ဖွဲ့ဝင်များလည်း အတူဆောင်ရွက်နေရကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ ဆိုသည်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ တို့သာမက အကြင်နာတရားများနှင့် ပြည်သူကို အလုပ်အကျွေးပြုပြီး မွန်မြတ်သည့် စေတနာ့ဝန်ထမ်း တပ်ဖွဲ့ များဖြစ်ကြောင်းနှင့် မိမိရပ်ရွာဒေသက အားကိုးရသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်ကောင်း တစ်ယောက်ဖြစ်ရန် ယခုသင်တန်းကအသိပညာ၊ အတတ်ပညာများကို ကြိုးကြိုးစားစား လေ့လာသင်ယူကြရန် တို့ကို ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇေယျာမင်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝေ က အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို ခရိုင်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန မှ ဝန်ထမ်းများနှင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသား တက်ရောက် ခဲ့ကြပြီး သင်တန်းကို ယနေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား (၅၀)ဦး တက်ရောက်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဒေါ်ရီရီမြင့်