ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ဆောင်ရွက်

ဖား​ဆောင်း        ​အောက်တိုဘာ         ၅

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ​​​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က ဖား​ဆောင်းမြို့၊ မြို့လည်လမ်းဆုံမီးပွိုင့်တွင်  ပြုလုပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာ​​​ပေးခြင်းနှင့်နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးသက်မြင့်ဦးနှင့်ကော်မတီအဖွဲ့ဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းအဖွဲ့ဝင်များ  ပူးပေါင်း၍ “အပြင်ထွက်ပါကနှာခေါင်းစည်း(Mask)များကို တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်” အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အသိပညာ​​​ပေးခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း(Mask)  ၆၀၃ ခုအား အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာ​ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာ​ပေးလက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းတို့ကို ​ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုများကိုလည်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသဲနု​​အောင်(ဖား​ဆောင်း)