လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာတွင် အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်

လယ်ဝေး အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာကြသည့် သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်သည်။

အဆိုပါ သင်တန်းသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးဇေယျာလင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးနှင့် တာဝန်ရှိသူများ၊ လယ်ဝေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး၊ လယ်ဝေးမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းကျော်သူ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် သင်တန်းသူ (၂၀)ဦးတို့ တက်ရောက်ခဲ့သည်။ ထိုသင်တန်းကို အောက်တိုဘာ(၃)ရက်နေ့မှ နိုဝင်ဘာ(၁) ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် သော်မှော်ကုန်းစံပြ ကျေးရွာအတွင်း လမ်းခင်းကျင်းပြီးစီးမှုနှင့် ဝက်မွေး​မြူရေးလုပ်ငန်းများအား​ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)