လပွတ္တာ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း ကာရာအိုကေဆိုင်ဖွင့်လှစ် နိုင်ရန်လုပ်ငန်း လိုင်စင်လျှောက်ထားသော ဆိုင်(၉)ဆိုင်အား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဝင်များမှ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြိုနယ်ဗီဒီယိုစီစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် ကော်မတီဝင်များက ဗီဒီယိုအခြေခံအဖွဲ့မှ ချမှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက် (၁၉)ချက်အား သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရေး နှင့် မြို့နယ်ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ကာရာအိုကေဆိုင် ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေး အတွက် သတ်မှတ်ထားသော အချက်(၅)ချက်နှင့် ညီ/မညီ စစ်ဆေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကာရာအိုကေဆိုင်
(၉)ဆိုင်အား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)