ဒိုက်ဦး အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများအား Mobile Shop ဖြင့် ယမန်နေ့ကမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ရောင်းချခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကူညီအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)