သနပ်ပင်မြို့နယ်တွင် ဂရန်အင်းများအား ငါးမျိုးစိုက်ထည့်ရန် အင်းသားကြီးများထံ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကျင်းပ

သနပ်ပင်  ‌အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှုရေရှည်ဖွံ့ဖြိုးတိုး‌တက်စေးရေးအတွက် ၂၀၂၂-၂၀၂၃  ခုနှစ် ငါးလုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများအတွင်း ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ခြင်းအခန်းအနားသို့ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသက်နောင်၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ဂရန်အင်း(၂၇)အင်းအတွက် ၂ လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၁၉၂၄၅)ကောင်အား အင်းသားကြီးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)