Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများအား နေကြာ မျိုးစေ့နှင့် ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာဖြင့် ကျေးရွာမျ…
Oct 06,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများအား မြို့နယ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီက နေကြာမျိုးစေ့များနှင့် ယူရီးယား ဓာတ်မြေဩဇာများအား ယနေ့ နံနက် (၁၀)နာရီက ကျေးရွာများအရောက် စျေးနှုန်းသက်သာစွာဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး
Oct 06,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကင်းရုံးရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်အရောက်သွားရောက်ပေးအပ်
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ဘိုးဘွားများ အိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးနှင့် အသိပညာပေး ဆွေးနွေးပွဲများပြုလုပ်
Oct 06,2022
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာအုပ်စု၌ ကျေးလက်နေ ပြည်သူများ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ တိုးတက်စိုက်ပျိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာကြရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့(၁)မှ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်း ဆောင်ရွက်
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဗြိုက်ကြီးအုပ်စု၊ ရသေ့ချောင်းကျေးရွာ၊ ဇယသိဒ္ဓိ သီလရှင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်း ပညာပေးခြင်းများ ဆောင်ရွက်
Oct 06,2022
ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ယာဉ်စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို မြို့အဝင် အင်းရဲလမ်းဆုံ၌ အောက်တိုဘာ ၅ ရက်က ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စက်ဘီးအစီး (၁၀၀) ထောက်ပံ့ပေးအပ်သွားမည်ဖြစ်
Oct 06,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ပညာကြားနေသော ကျောင်းသား/ကျောင်းသူများအား ပညာသင်ယူရာတွင် ပိုမိုထိရောက် စွာသင်ယူစေရေး စက်ဘီးအစီး (၁၀၀) ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15657
Page
15658
Page
15659
Page
15660
Current page
15661
Page
15662
Page
15663
Page
15664
Page
15665
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department