စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့(၁)မှ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်း ဆောင်ရွက်

ကျောင်းကုန်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်အတွင်း  တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဗြိုက်ကြီးအုပ်စု၊ ရသေ့ချောင်းကျေးရွာ၊ ဇယသိဒ္ဓိ သီလရှင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

 အဆိုပါအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင် ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့(၁)သည် ဗြိုက်ကြီးအုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ ဝင်(၃၅)ဦးအဖွဲ့(၁)နှင့် ပြည်သူ(၁၅၀)ဦး စုစုပေါင်း (၁၈၅)ဦး တို့နှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ စားသုံးဆီဖူလုံရေး နေကြာဆီစိုက်ပျိုးကြဖို့လိုကြောင်း၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက်ဆိုင်ကယ်စီးနင်း/မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးစေရေး စသည့်ယာဉ်စည်ကမ်း/လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက်(၄)နာရီ အချိန်ထိ ဒေသန္တရအမိန့်ထုတ်ပြန်ထားကြောင်း အသိပညာပေးဟောပြော ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ထို့နောက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး၊ (၆)လ ကျော်သူ(၂၅၀) ဦးအား ထပ်ဆောင်းကာကွယ်ဆေးထိုး နှံပေးနေမှုအားကြည့်ရှုခဲ့ကြောင်းသိရသည်။

အလားတူ စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့(၂)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၂)ဦးတင်မောင် ဦးဆောင်၍ ရေတာကြီးအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)