သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း အောက်တိုဘာ 6

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ အောက်တိုဘာလ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်()ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်()ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများအပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီးလုံခြုံရေးဂရုစိုက်ဆောင်ရွက်ရန်၊ အထက်ဌာနညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးပူးပေါင်း ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး စစ်ဆေးအရေးယူ ပူးပေါင်းဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးမည့် ဧကများအပေါ်ဆောင်ရွက်ထားရှိမှု တင်ပြနိုင်ရေးဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး ()ကြောင်းကွင်းဆင်းရာ၌ သက်ဆိုင်ရာဌာနများမှ ပြည်သူများ တင်ပြမှုအပေါ်ဆောင်ရွက်ပေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန်၊ မြေပြင်လူဦး ရေတိုက်ဆိုင်စစ်ဆေးရေး အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ Covid-19 ဖြစ်ပွားမှုမဖြစ်စေရေး Mask Campaign များပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားပြီး သက်ဆိုင်ရာဌာန ဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်