ကျောက်ဆည် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ပညာကြားနေသော ကျောင်းသား/ကျောင်းသူများအား ပညာသင်ယူရာတွင် ပိုမိုထိရောက် စွာသင်ယူစေရေး စက်ဘီးအစီး (၁၀၀) ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စက်ဘီးများကို အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) (၉) ကျောင်းမှ အထက်တန်းအဆင့် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအား ပညာသင်ယူရာတွင် လွယ်ကူအဆင်ပေးစေရေး တစ်ဦးလျှင် စက်ဘီးတစ်စီးနှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)