မြောင်းမြ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ဘိုးဘွားများ အိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်မှူး ဒေါ်အေးနော်ဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အတူ အမှတ် (၈)ရပ်ကွက်ရှိ အဘိုး (၁၂)ဦး၊ အဘွား (၁၃)ဦး၊ စုစုပေါင်း ဘိုးဘွား (၂၅)ဦးတို့ကို လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယ (၃) လပတ်အတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွားတစ်ဦးလျှင် ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် မြောင်းမြ မြို့နယ်ရှိ ဘိုးဘွား(၁၁၃၀)ဦးအတွက် ငွေကျပ် ၃၃,၉၀,၀၀,၀၀ ကို လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)