ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးနှင့် အသိပညာပေး ဆွေးနွေးပွဲများပြုလုပ်

ငါးသိုင်းချောင်း အောက်တိုဘာ ၆

ကျုံပျော်ခရိုင်၊  ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာအုပ်စု၌ ကျေးလက်နေ ပြည်သူများ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ တိုးတက်စိုက်ပျိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းများကို သိရှိလိုက်နာကြရေး တို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ရေကြည်မြို့နယ်တွင် ဆောင်းသီးနှံနေကြာ သီးသန့်(သီးထပ်) (၅၁၉၆)ဧကနှင့် သီးညှပ်စိုက်ဧက (၁၇၃၂)ဧက စုစုပေါင်း လျာထားစိုက်ဧက (၆၉၂၈)ဧကအား လျာထားသဖြင့် လျာထားဧက ပြည့်မီတိုးတက်စိုက်ပျိုးရေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို စိုက်ပျိုးရေး ဦးစီးဌာနမှ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)