ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ဂွ အောက်တိုဘာ  ၆

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာ  ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကင်းရုံးရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ကော်မရှင်အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ဖွေးဖွေး၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကင်းရုံးရပ်ကွက်ရှိ ရတနာလမ်းတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေစာရင်းရှိ လူဦးရေနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်