Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းကို ထောက်ကြန့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပြသမည့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် လုပ်သားရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး မိုးစပါးစိုက်ခင်း(၅)ဧကအား ဆေးဖြန်းစက်ဖြင့် ဆေးဖြန်းခြင်းသရုပ်ပြ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူအကျိုးပြုလုပ်ငန်းများဖြစ်သော ထွန်ယက်ရေးဝန်ဆောင်မှုများ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းများ၊ ကြားပေါင်းလုက်စက်ဖြင့် တမန်းနိုးကြားပေါင်းလိုက်ခြင်းများ၊ ရိတ်သိမ်းခြွေလှေ့ခြင်းများ၊ စက်ပိုင်းဆိုင်ရာလေ့ကျင့်ပညာပေးခြင်းများ၊ လယ်ယာသုံးစက်ကိရိယာရောင်းချပေးခြင်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေထုတ်ဖော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၈၁)၊ ဦးပိုင်အမှတ်(၃၅-က)တွင် လုပ်သားရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး တောင်သူဦးအောင်စိုး၏ မိုးစပါး(၅)ဧကတွင် ဆေးဖြန်းစက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေး Mask Campaign ပြုလုပ်
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက်(၉)နာရီအချိန်ကစတင်ကာ လူသွားလူလာများသည့် ပဲခူးလမ်းမပေါ်တွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် မီးဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Oct 11,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အေးချမ်းသာယာရပ်ကွက် ကံ့ကော်လမ်းတွင် နေအိမ်မီးလောင်မှုကြောင့် မီး ဘေးသင့်ခဲ့ရသော အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နေ့လယ်(၂)နာရီကထောက်ပံ့ငွေများ သွားရောက်ပေး အပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၄၅ ဦး မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်
Oct 11,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၁၄၅ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် ဂရန်အင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ ဂရန်အင်းများအတွင်းသို့ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် အင်းမလွဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်ကို သီတင်းကျွတ်တပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)နေ့တွင် ရွှေသာလျောင်း ဆုတောင်းပြည့်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၃)ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၂၂)နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်ရပ်ကွက်များအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအားလူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် ရပ်ကွက်များအတွင်းရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15595
Page
15596
Page
15597
Page
15598
Current page
15599
Page
15600
Page
15601
Page
15602
Page
15603
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department