Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့နယ် အ.ထ.က(၂)ကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃ /၂၀၂၂)ဆင်းပွဲအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (မြို့မကျောင်း)တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်လှစ်
Oct 12,2022
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီ၊ စက်မှုလယ်ယာဦးစီး ဌာနနှင့် Beulah Land လူမှုကူညီရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သည့် ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ကောင်က ထောင်ရပ်ကွက်(၂)ရှိ ရဝမ်နှစ်ခြင်း အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 11,2022
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား စနစ်တကျ ဆေးကုသပေးမည့် ဆရာဝန်များထံသို့မရောက်မီ အသက်ဆုံးရှုံးမှုမရှိစေရန်အတွက် အခြေခံရှေးဦးသူနာပြုစုနည်းဖြင့် ဦးစွာပြုစုစောင့်ရှောက်မှုပေးသည့် နည်းစနစ်များကို သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပြီး အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတို့ရှိ ဈေးသည်များနှင့်ဈေးဝယ်များအား Mask Campaign ပြုလုပ်
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက်ပိုင်းက ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတွင် Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့်ထပ်ဆောင်း (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် ၉/၂၀၂၂ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူများ၊ စာအုပ်စာစောင်ဖတ်ရှုလိုသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေတန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် စာပေဖတ်ရှုလေ့လာရာမှ စဥ်းစားတွေးခေါ်မှု ရင့်သန်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀:၃၀ နာရီက စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15594
Page
15595
Page
15596
Page
15597
Current page
15598
Page
15599
Page
15600
Page
15601
Page
15602
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department