သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ အောက်တိုဘာ ၁၂

သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ဘားအံမြို့၊ ဂေါက်ကလပ်၌ ကျင်းပရာ ဘားအံဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ သူရမြင့်သူက ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘားအံဂေါက် ကလပ်ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ဂေါက်ကလပ် (Member) ဝင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘားအံ ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။

သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ဂေါက်သီးရိုက်ကစားသမား ၆၅   ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့်မြို့မိမြို့ဖဦးမန်းကျော်ဝင်းမောင် တို့က Handicap 19 to 24 အငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ သယံဇာတ ရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်တို့က Handicap 0 to 18 အကြီးတန်း ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက Handicap 0 to 18 အကြီးတန်းပြိုင်ပွဲ ပထမဆု ရရှိသူအား ဂုဏ်ပြဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)