နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများထောက်ပံ့လှူဒါန်း

လွိုင်ကော် အောက်တိုဘာလ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘောလခဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကွပ်ကဲမှုအောက်ရှိ ဖားဆောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ဖားဆောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလသံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများအား ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ယနေ့နံနက်ပိုင်းက  ဖားဆောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အနေဖြင့် ဖားဆောင်းမြို့၊ ဓမ္မသိဒ္ဒိသိမ်ကျောင်းရှိ ရဟန်းသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို သွားရောက်လှူဒါန်းခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်၊ ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဆွမ်းဆန်​တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်

ကိုဇင်(လွိုင်ကော်)