မြေအောက်ရေကိုအသုံးပြုပြီး စိုက်ပျိုထားသော သင်္ဘောစိုက်ခင်များ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး စက်တင်ဘာ ၁၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်ဆည်အနီး ကျေးလက်နေတောင်သူများသည် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း လက်ပံအိုက်ကျေးရွာ၊ လဲဂွ၊ ညောင်ဖြူပင်၊ ကုန်းတည်း၊ မုန့်ကုန်း၊ ဆပ်ပြာကျင်း၊ ညောင်ချိုင်းပြည်ဝကျေးရွာများမှ တောင်သူများသည် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

မြေအောက်ရေဖြင့် အဓိကစိုက်ပျိုးကြသောသီးနှံများမှာ ပဲအမျိုးမျိုး၊ ခရမ်းချဥ်၊ ကြက်သွန်၊ ခရမ်း၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့အပြင် နှစ်ရှည်သီးနှံဖြစ်သည့် မာလာကာ၊ သင်္ဘော၊ ပိန္နဲ၊ နဂါးမောက်၊စပျစ်စသည့်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

သင်္ဘောကို မိုးဦးကာလဖြစ်သည့် ဧပြီလတွင် နွားချေး၊မြေဆွေး၊ နှုံးမြေ၊ သဲတို့ဖြစ်ရောစပ်ပြီး ၅ လက်မ ၉လက်မ အိပ်များထဲသို့ထည့်သွန်းပြီး တစ်အိပ် တစ်စေ့နှုန်းဖြစ် စတင်ပျိုးထောင်ကာ တစ်လသာအရွယ်တွင်ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်းသိရသည်။

ပြောင်းရွှေမစိုက်ပျိုးမှီ သင်္ဘောစိုက်ပျိုးမည့်ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး စိုက်ပျိုးမည့် တစ်ပင်နှင့်တစ်ပင် ရှစ်ပေခြားကာ အလျား၊ အနှံ၊ အနက် နှစ်ပေအနက် စိုက်ကျင်းများပြုလုပ်ပြီး စိုက်ကျင်းများထဲတွင် နွားချေး၊ နှုံးမြေ၊ မြေဆွေးတို့ကို ဆတူရောပြီး ကြိုတင်ထည့်ထားကာ စိုက်ပျိုးကြရကြောင်းသိရသည်။ သင်္ဘောကို ဧပြီလတွင်စတင်ပျိုးထောင်ပြီး နိုဝင်ဘာလတွင် စတင်ခူးဆွတ်ရောင်းချရပြီး။ ထွက်ရှိလာသောသင်္ဘောအသီးများကို ဖောက်သည်များမှ ခြံများ အထိလာရောက်ခူးယူပြီး ကျောက်ပန်းတောင်းမြို့ စျေးများတွင်ရောင်းချကြောင်း လဲဂွကျေးရွာ သင်္ဘောစိုက်တောင်သူ ဦးကြည်နိုင်ထံမှသိရသည်။

P.W.A(ပြန်/ဆက်)