မိတ္ထီလာ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ရောင်းချလျက်ရှိသော စျေးသည်များ အဆင်ပြေစွာရောင်းချနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စျေးရုံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၅.၀၇၃ သန်းဖြင့် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် အလျား ပေ ၁၀၀ ၊ အနံ ပေ ၂၀ ၊ အမြင့် ၉ ပေ ရှိသည့် Steel Structure ၊ သွပ်မိုးစျေးရုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION ကုမ္ပဏီကတာဝန်ယူ၍ စက်တင်ဘာလ ပထမပတ်မှစတင်ပြီး ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ စျေးရုံတည်ဆောက်လျက်ရှိသည့်ကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရသည်။
မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဝေကျေးရွာရှိ ရေဝေစျေးကို ၅ ရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အဆိုပါစျေးကို ရေဝေကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်