ရွှေဘို အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ရွှေဘိုအတွေးရွှေဘိုသွေးစာပေအနုပညာမဂ္ဂဇင်း အမှတ် (၃)၊ ၂၀၂၂ခုနှစ်စာအုပ်မှ၊ ဆရာမြင့်အောင်ရေးသားထားသည့်"ရေကြည်တော်ပုံရိပ်ရဲ့လွမ်းစရာ့အတိတ်" ဝတ္ထုတိုဖြင့်ယနေ့ နံနက်(၁၀)နာရီချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ အောင်ဘုန်းညိုက အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုဆွေးနွေး ပြောကြားခဲ့ပြီးနောက်၊ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ" ရေကြည်တော်ပုံရိပ်ရဲ့လွမ်းစရာ့ပုံရိပ်" ဝတ္ထုတိုပါအကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းနှင့် စိတ်ကြိုက်ကဗျာများရွတ်ဆိုခဲ့ ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များစာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာရေးဆရာများ၊ (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်