ကဝမြို့နယ်တွင် “မျောက်ကျောက်ရောဂါအကြောင်း” အသိပညာပေးဆွေးနွေးပွဲ TALK SHOW ကျင်းပ

ကဝ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “မျောက်ကျောက်ရောဂါအကြောင်း” အသိပညာပေးဆွေးနွေးပွဲ TALK SHOW ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန်းသန်းဝင်းက မျောက်ကျောက်ရောဂါအကြောင်းနှင့် မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ သတိပြုရန်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုနောက် ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက တိရစ္ဆာန်မှတစ်ဆင့် လူကိုမကူးစက်နိုင်ရန် လျှော့ချသင့်သောနည်းလမ်းများ၊ လူအချင်းချင်းကူးစက်နိုင်ချေ လျှော့ချရန်နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)