ကန့်ဘလူ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းနှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် မဟာဗန္ဓုလလမ်းနှင့်ဗိုလ်မင်းရောင် လမ်းဆုံတွင်လည်းကောင်း၊ အထက (၁)ကန့်ဘလူကျောင်းရှေ့တွင်လည်းကောင်း၊ မြို့မစျေးမြောက်ဘက်နှင့် ယုဇနလမ်းတို့တွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)