အင်တော အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်(Book Club,Youth Club, Women Club)အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသည့် ‘လူငယ်တွေ စဉ်းစားဖို့’ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက လူထုအခြေပြူဗဟိုဌာနခန်းမ၌ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းအစီအစဉ်နှင့်ရည်ရွယ်ချက်တို့ကို ပြောကြားပြီး ‘လူငယ်တွေ စဉ်းစားဖို့’ စာအုပ်ပါအကြောင်းအရာ (၃၂)ခုမှ လူငယ်နှင့်ရွေးချယ်မှု၊အပြန်အလှန် နားလည်ယုံကြည်မှု၊ အများကို မျှဝေတာလား ကိုယ့်ကိုယ်ကိုယ် အရောင်တင်တာလား အကြောင်းအရာများမှ ရရှိပေးစွမ်းသည့်အသိပညာဗဟုသုတများ၊ အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များမှ ပေးစွမ်းသည့် စာပေရသများကို တက်ရောက်လာကြသည့်(Book Club,Youth Club, Women Club)အဖွဲ့ဝင်များမှ မိမိတို့၏ အမြင်ရှူထောင့်အမျိုးမျိုးမှ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)