အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၆ ခုနှစ်၊ ယမန်နေ့နံနက် ၆ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို တိကျမှန်ကန်မြန်ဆန်စေသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ကျောင်းပေါင်းစုံ ကျောင်းသားပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယမန်နေ့ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ မဲရုံအသီးသီးတွင် စည်းမျဉ်းများနှင့် စနစ်တကျဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း လွတ်လပ်ခိုင်မာစွာ ဆန္ဒမဲပေးခဲ့ကြသည်။
Jan 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့နံနက်(၆)နာရီမှစတင်၍ မြို့နယ်တွင်းရှိ မဲရုံ (၂၆၅) ရုံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပဆောင်ရွက်ရာ လူငယ်၊ မောင်မယ်များအပါအဝင် မဲဆန္ဒရှင်ပြည်သူများက တက်ကြွစွာဖြင့် ဆန္ဒမဲများလာရောက်ပေးခဲ့ပြီး ရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းစွာဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Jan 12,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သိကောင်းစရာအကြောင်းနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ထားရှိမှု မှတ်တမ်းများပါဝင်သည့် အသိပညာပေးမြေစိုက်နံရံကပ်စာစောင်အား ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြသထားရှိကြောင်း သိရသည်။
Jan 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ရေကြည်မူလတန်းကြိုကျောင်းတွင် ယ‌မန်နေ့နံနက် (၁၀) နာရီက ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။