ရေဦးတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြီးစီး

ရေဦး ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၆ ခုနှစ်၊ ယမန်နေ့နံနက် ၆ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို တိကျမှန်ကန်မြန်ဆန်စေသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ ကျင်းပခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပရာ မြို့‌ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စုနှစ်အုပ်စုရှိ သတ်မှတ် မဲရုံအသီးသီးတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတစ်ယောက် တာ၀န်ကျေပွန်စေရေးနှင့် အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာစေရေး စိတ်အေးချမ်းစွာ လာရောက် မဲပေးခဲ့ကြကြောင်း၊ ထိုသို့လာရောက်ဆန္ဒမဲပေးရာ၌ မဲပေးစက်အသီးသီးတွင် သက်ဆိုင်ရာ လွှတ်တော်အလိုက် လွတ်တော်ကိုယ်စားလှယ်အမည်နှင့် ပါတီကိုယ်စားပြုသင်္ကေတပါ  မိမိနှစ်သက်ရာ ပါတီတစ်ခုကို လွယ်ကူစွာရွေးချယ်ခလုတ်နှိပ်မဲပေးနိုင်ရေးနှင့် ပွင့်လင်း မြင်သာမှုရှိစေရေး၊ မြို့နယ်ရွေးကောက်ပွဲတာ၀န်ရှိသူများအားလုံးက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။

မဲရုံများပိတ်သိမ်းချိန် ညနေ ၄ နာရီတိတိအချိန် လွှတ်တော်အလိုက် သက်ဆိုင်ရာကိုယ်စားလှယ်များ၊ ရှေ့မှောက်တွင် မဲစာရင်းရေတွက်ခြင်း၊ ချိတ်ပိတ်ခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ပေးခြင်းဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

သန်းသန်း