အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2026
ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Jan 22,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် သီပေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို မြို့တော်ခန်းမ၌ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jan 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Jan 22,2026
‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းအစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၉ နာရီခန့်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Jan 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (ဌ) ရပ်ကွက်ရှိ နိဗ္ဗာန်အောင်ဓမ္မာရုံနှင့် ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တို့တွင် ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ တက်ရောက်ကြသည်။
Jan 22,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ မြတ်ပညာမွန်ကိုယ်ပိုင်အထက်တန်း‌ကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပခဲ့သည်။