လသာမြို့နယ် ရပ်ကွက်များရှိ မဲရုံများ၌ မဲရုံရုပ်သိမ်းချိန်တွင်မဲများကို စနစ်တကျရေတွက်ရာတွင် ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ တာ၀န်ရှိသူများ လာ‌ရောက်လေ့လာ

လသာ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယမန်နေ့ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ မဲရုံအသီးသီးတွင် စည်းမျဉ်းများနှင့် စနစ်တကျဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း လွတ်လပ်ခိုင်မာစွာ ဆန္ဒမဲပေးခဲ့ကြသည်။

လသာမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ရပ်ကွက်တွင် စုစုပေါင်း မဲရုံ (၁၁) ရုံဖွင့်လှစ်ထားပြီး မဲပေးလာသော ပြည်သူများအားလုံးအဆင်ပြေလွတ်လပ်စွာ မဲပေးနိုင်စေရန် တာဝန်ရှိသူများမှ လိုအပ်သည့်များ ကူညီ‌ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အမှတ် (၆) ရပ်ကွက်ရှိ လျောင်စန်တောင်ဘုရားကျောင်း မဲရုံအမှတ် (၁) တွင်ယနေ့ ညနေပိုင်းအချိန်က မဲရုံမှူးနှင့် ဆရာ၊ ဆရာမများက မဲရုံရုပ်သိမ်းပြီး ဆန္ဒမဲများကို စနစ်တကျရေတွက်ခဲ့ရာ ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ တာ၀န်ရှိသူများ လာ‌ရောက်လေ့လာကြည်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)