အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2026
မကွေးတိုင်းဒေသကြီး၊ မ‌ကွေးမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်၊ လူရွယ်‌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
Jan 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသော ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(Smart Village) အသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jan 12,2026
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့ အမှတ်( ၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀နာရီက ဖွင့်လှစ်ပို့ချသည်။
Jan 12,2026
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၌ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲပေးစက်ကိုင်များအား အီလက်ထရောနစ်နည်းပညာပိုင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းမွမ်းမံသင်တန်းကို ယနေ့ နံနက် ၉နာရီက ကျုံဒိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချသည်။
Jan 12,2026
ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြင့်မားပြီး  အသိပညာဗဟုသုတတိုးပွားစေရန် ယနေ့နံနက်ပိုင်းက အ.မ.က (တည်သီးပြင်)နှင့် အ.မ.က (ညောင်သုံးပင်)​တို့တွင် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 12,2026
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော်စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၇) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်သံဃာတော် (၂၃) ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
Jan 12,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား အရည်အသွေးပြည့်ဝသော Quality AN care ၈ ကြိမ်ရရှိနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Jan 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ မဲရုံများတွင် ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။