Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကံမမြို့နယ်၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 24,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်း ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအဆင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
May 24,2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေးနှင့် စာငှား/စာဖတ်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုပေးစွမ်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် မေလ ၂၂ ရက်နေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 24,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ လုပ်ငန်းခွင်ထိခိုက် သေဆုံးသူအတွက် အကျိုးခံစားခွင့်ပေးအပ်
May 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင်မှတ်ပုံတင်ထားသော လူမှုဖူလုံရေးအကျိုးခံစားခွင့် ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၃/၂၀၂၅) ဆင်းပွဲကျင်းပ
May 24,2025
လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာကျွမ်းကျင်တတ်မြောက်စေရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၂၅)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့နှင့် အမှတ် (၃)ရပ်ကွက် (ဟိုခန့်)သွားလမ်းအား ပြုပြင်ဆောင်ရွက်
May 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုင်းခုတ်မြို့နှင့် အမှတ် (၃)ရပ်ကွက်အား ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းကိုပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ အခမဲ့ထုတ်ပေး
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသာ ၊ ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မေလ (၂၂)ရက်နေ့နံနက် (၉)နာရီမှစတင်၍ ကျောင်းအပ်နှံလက်ခံခြင်းများကို ဆရာ၊ ဆရာမများက စတင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1547
Page
1548
Page
1549
Page
1550
Current page
1551
Page
1552
Page
1553
Page
1554
Page
1555
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department