Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟိုပုံးမြို့ အ.ထ.က (၁) ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ စာမေးပွဲကျင်…
May 23,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာန လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ ဆရာမများကို ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာဘွဲ့ ရရှိစေပြီး ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝကာ သင်ကြားရေးစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော ဆရာ၊ ဆရာမများဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ ပညာရေးသဘောတရား၊ ဂီတအနုပညာဘာသာရပ် စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကွင်းဆင်းစစ်ဆေး
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ကစတင်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း စတင်လက်ခံ
May 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း စတင်လက်ခံလျက်ရှိပြီး ကျောင်းပြောင်းခြင်းနှင့် ကျောင်းအဝင်များတွက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံလျက်ရှိ
May 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်
May 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာတွင် မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ်
May 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲကို နောင်ကားကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့တွင် ဓာတ်မြေသြဇာအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
May 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နေ့လယ်(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး…
May 23,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်ကြီးအတွင်း၌ တည်ထားလျက်ရှိသော ဉာဏ်တော် (၈၁) ပေရှိသည့် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1552
Page
1553
Page
1554
Page
1555
Current page
1556
Page
1557
Page
1558
Page
1559
Page
1560
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department