အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးစပါးအထွက်နှုန်းမှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မင်္ဂလာကျေး ရွာအုပ်စု၊ ကွင်းအမှတ်(၄၅၅)ရှိ တောင်သူ ဦးမြင့်စိုး၏ လယ်၌ အကွက်အရွယ်အစား ၀ ဒဿမ ၁၀ ဖြင့် မှတ်တမ်းတင်ရိတ်သိမ်းပွဲပြုလုပ်ခဲ့ရာ
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အတွင်း ဒေသခံပြည်သူများ လုပ်ကိုင်နေသည့် တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းများ ရင်းနှီးလုပ်ကိုင်နေမှု   အခြေအနေများအား ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၀)နာရီက သွားရောက်ကွင်းဆင်း တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာရွက်ဖျန်းအားဆေးပြုလုပ်နည်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဒိုးပင်သောင်ကျေးရွာဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
Oct 21,2022
လမ်းမတော်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ.ထ.က(၂)လမ်းမတော်တို့ပူးပေါင်း၍ တိုက်ကွမ်ဒိုနှင့် Fitness Dance သင်တန်း ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(၂)မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရေအားနှင့် စက်သုံးဆီအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် သယံဇာတေရးရာဝန်ကြီး ဦးခင်မောင်မြင့်တို့က ယနေ့ နံနက် (၈) နာရီအချိန်က ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစားရေအားလျှပ်စစ်စက်ရုံသို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။