လမ်မတော် အောက်တိုဘာ ၂၁
လမ်းမတော်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ.ထ.က(၂)လမ်းမတော်တို့ပူးပေါင်း၍ တိုက်ကွမ်ဒိုနှင့် Fitness Dance သင်တန်း ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(၂)မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ လမ်းမတော်မြို့နယ် အ.ထ.က(၂) Grade-5 ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီးဒေါ်နီလာမော်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်လမ်းမတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ညီညီကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသူလေးများက Gread-7 ၏ ရသသင်ရိုးညွှန်းတမ်းမှ "နှလုံးသားကိုအလှဆင်ပါ"သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းပြီး သင်တန်းကာလမှာ ၁၈.၁၀.၂၀၂၂ မှ ၁၇.၁၁.၂၀၂၂ အထိ (၁)လကြာမြင့်မှာဖြစ်ကြောင်းနှင့် သင်တန်းသားဦရေ(၈၀)ဦး တက်ရောက်မှာဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်