အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်(၁)ကျေးရွာ၊  အခြေခံပညာ မူလတန်းကျောင်းသို့ သွား‌ရောက်ကာ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေး ဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပ ဆောင်ရွက်ခဲ့သည်။
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Oct 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ဆောင်းရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Oct 28,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်  ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် စည်ပင်သာယာဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 28,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးသူ စျေးသားပြည်သူများ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Oct 28,2022
ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပြုလုပ်သော စီမံချက်ဝင်ရပ်ကွက်ဖြစ်သော သင်ပန်းကုန်းရပ်ကွက်တွင် ရပ်ရွာအတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ၌ ပြုလုပ်ခဲ့ပါသည်။
Oct 28,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၈နာရီမှ ၉ နာရီအထိ မုံရွာမြို့ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်း မြစန္ဒာရုပ်ရှင်ရုံရှေ့၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။