မန္တလေး အောက်တိုဘာ ၂၈
ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပြုလုပ်သော စီမံချက်ဝင်ရပ်ကွက်ဖြစ်သော သင်ပန်းကုန်းရပ်ကွက်တွင် ရပ်ရွာအတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ကြိုတင်သတိပေးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးပြုစုရေး၊ တည်နေရာလုံခြုံရေး၊ ဘေးကင်းရာသို့ ရွေ့ပြောင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ရပ်ကွက်နေပြည်သူ(၅၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။
မြင့်မြင့်သန်း