မုံရွာ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၈နာရီမှ ၉ နာရီအထိ မုံရွာမြို့ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်း မြစန္ဒာရုပ်ရှင်ရုံရှေ့၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Mask Campaign) ဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိူ့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေ ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပါဝင်သော အဖွဲ့အင်အား(၃၀)ဦးတို့က ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask များ စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask များ မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူများအား Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)