ဒေးဒရဲ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ဆောင်းရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၉) အုပ်စုရှိ တောင်သူ (၂၅၇၂)ဦး၏ ဆောင်းစပါးဧက (၁၈၀၇၂)ဧကအတွက် ငွေကျပ်(၂၇၁၀.၈၀)သန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။
အေဇာလင်း