အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက အမှတ် (၄၆)ရပ်ကွက်၊ ‌ဗိုလ်စောဦးလမ်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Oct 29,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က မရမ်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်သည်။
Oct 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ ပထမတန်းစား စိတ်ဓာတ်အကြောင်း သိကောင်းစရာ အသိပညာ‌ပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃နာရီကကျင်းပပြုလုပ်ခဲ့သည်။
Oct 29,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချင်တောင်ကျေးရွာတွင် ငွေချည်(၉) ချည်မျှင်ရှည်ဝါစံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းပြပွဲကို ယမန်နေ့နံနက် ၈နာရီက ချင်တောင်ကျေးရွာ တောင်သူဒေါ်လှသိန်း၏ ဝါစိုက်ခင်းတွင် ကျင်းပပြုလုပ်သည်။
Oct 29,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
Oct 28,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ တောင်သူဒေါ်ခင်တိုးတိုးလွင်၏ မိုးချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) (၂) ဧကစံကွက်အား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
Oct 28,2022
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူ လူထုအား အခြေခံစားသောက်ကုန် ပစ္စည်းများကို ယနေ့ နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်၊ ကမ်းဟောက်ခန်းမ၌ ဈေးနှုန်းသက်သာစွာဖြင့် တတိယ အကြိမ် ရောင်းချခဲ့ကြောင်း သိရသည်။