ပန်းဘဲတန်း အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ညွှန်ကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ရုံးလုံခြုံရေးနှင့် မိမိကိုယ်ကိုလုံခြုံရေးကို အထူးဂရုပြုနေထိုင်ကြရန်၊ ရုံးများသို့ရောက်ရှိလာသော ပါဆယ်ပစ္စည်းထုတ်များကို အထူးဂရုပြုလက်ခံဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာဌာနများ စုံလင်စွာပါရှိပြီး ဆောင်ရွက်ချက်များကို တင်ပြပေးကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ထူးခြားဖြစ်စဉ်သတင်းများသိရှိလျှင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်သတင်းပေးကြရန်စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဦးဆန်းကြည်