ကြံခင်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်မီးသတ် ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီးနောက်၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် ဆုရရှိကြသော ကြို့ပင်စုကျေးရွာ တပ်စုမှူး အောင်အောင်မှ စစ်ရေးပြ(ပထမဆု) ကိုလည်းကောင်း၊ ရေနံတောင်ကျေးရွာ တပ်သားချစ်ကိုကိုက မီးသတ်ပညာ(ဒုတိယဆု)ကိုလည်းကောင်း၊ ပိန္နဲကွင်းကျေးရွာ တပ်ခွဲမှူးဦးလှဝင်းက ရှာဖွေကယ်ဆယ်ရေး (တတိယဆု)များ ရရှိကြပြီး ဆုရသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး ကြည်စိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားပြီးနောက် မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တတ်ရောက် ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)