Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဓနုဖြူမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆေ…
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် နိုင်ငံတော်မှချမှတ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်ကပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာဆက်လက်သင်ကြားနိုင်စေရေး တွေ့ဆုံအားပေး
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းသို့ ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအား ဆက်လက်တက်ရောက်သင်ကြားနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေအိမ်များသို့ လိုက်လံကာတွေ့ဆုံပြီး အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ အသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းသရုပ်ပြပွဲနှင့် တောင်သူများထံ စပါးမျိုးစေ့နှင့် ဓာတ်မြေသြဇာအိတ်များ ချီးမြှင့်ပေးအပ်ပွဲသို့တက်ရောက်၊ နမ္မတီးမြို့ရှိ ယာယီတိမ်းရှ…
May 28,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လယ်သီးထပ်ဆောင်းသီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တောင်သူအကျိုးဖြစ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်း (တပ်ကုန်းမြောက်ကွင်း)အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် သွားရောက်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျောင်းကျန်းမာရေးကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျောင်းကျန်းမာရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မွေးဖွားမှု၊ သေဆုံးမှု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မွေးဖွားမှု၊ သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ငပုတော မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးတို့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1527
Page
1528
Page
1529
Page
1530
Current page
1531
Page
1532
Page
1533
Page
1534
Page
1535
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department