အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2026
ရန်ကုန်တိုင်း​ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄) ရပ်ကွက်၊ သုမန (၄) လမ်း၊ အမှတ် (၈၈၃/က) တွင် နေထိုင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား ယနေ့နံနက်ပိုင်းက နိုင်ငံတော်မှချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ လာရောက်ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း သိရသည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ၃၄၁၀ ဧကထိ ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၃၃ ပိဿာထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jan 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက (Book Club) စာပေချစ်သူများ အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမ ချောချော (ချော်တွင်းကုန်း) ရေးသားထားသည့် ''အိမ်အိုလေးထဲကမိအိုဖအို'' ရသဝတ္ထုတိုဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2026
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ကရင်ရင်းတိုက်တန်း)တွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာ​​စောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
Jan 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့ကျက်သရေဆောင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်း သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ(၁၅)သိန်းကျပ် လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 14,2026
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က အောင်မင်္ဂလာ ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။