အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂ဝ၂၆)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်း/ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(သရက်ချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Jan 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်တွင် Book Clubစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(စမ်းစုတ်)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(နမ့်ပေါ်ဟွန်း)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jan 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နှစ်ရှည်ပင်မျိုးစုံစိုက်ပျိုးကြရာ ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်သူများထံမှ သိရသည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။