နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် လမ်းဘေး ဝဲ/ယာတစ်လျှောက် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ကွန်ကရစ်လမ်းသား နိမ့်ကျပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးတို့လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သံလွင်လမ်း၊ ရွှေဇမ္ဗူလမ်း၊ သော်ကလမ်းနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသီတာလမ်းဘေး ဝဲ/ယာတစ်လျှောက် ထွန်စက်၊ မြက်ဖြတ်စက်များဖြင့်  ချုံနွယ်များ ရှင်းလင်းခြင်းနှင့်  သန့်ရှင်းရေးဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ကျော်အောင်၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ အောင်နန်းမင်္ဂလာလမ်း ကွန်ကရစ်လမ်းသား နိမ့်ကျပျက်စီးမှုအား ပြုပြင်ခြင်းလုပ်ငန်းနှင့် ရန်မျိုးသန့်စင်လမ်း ပျက်စီးမှုပြုပြင်ခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ GTI ကျောင်းအနီးရှိ သီရိမြိုင်လမ်းတွင် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ရတနာအောင်မြေလမ်းတွင် Box Culvert ပြုလုပ်ခြင်းလုပ်ငန်းများအား ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရေး၊ လက်ရာလက်သားကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေး(QA/QC)အဖြစ် ဆောင်ရွက်ကြသည့် အဖွဲ့များသည်လည်း စနစ်တကျမှန်ကန်စွာဖြင့် စစ်ဆေးဆောင်ရွက်ရေးနှင့် တာဝန်ရှိသူအဆင့်ဆင့်မှလည်း လုပ်ငန်းတိုးတက်မှုများအား ကြပ်မတ်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)