အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2026
အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ကာ မဟာအောင်မြေခရိုင် ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုက ဦးဆောင်ကာ ခရိုင်အဆင့် (ဗဟိုအဆင့်) လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေစင်စာသင်ဆောင်၌ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် အောင်မြင်စွာကျင်းပပြီးစီးသဖြင့်  MEVM မဲပေးစက်များ၊  ဆက်စပ်ပစ္စည်းများကို  မြို့နယ်ခန်းမသို့ စနစ်တကျလာရောက်အပ်နှံသည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းကြက်သွန်နီ(ဥ)သေးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကွက်၌ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
Jan 14,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် သင်တန်းသူများအား လူငယ်များအနေဖြင့် လူမှုဘဝတွင် ကြုံတွေ့ရနိုင်သည့် ကောင်းကျိုးဆိုးကျိုးများသိရှိနားလည်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
Jan 14,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက လူငယ်ရေးရာ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2026
သာသနမာမကသာသနာလင်္ကာရအသင်းမှကြီးမှူးပြုလုပ်သော (ဒဿမ)အကြိမ်မြောက်ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနမာမကသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ဘားအံမြို့ ကျက်သရေဆောင် ကြာအင်းတောင်ခြေရှိ တည်ဆောက်ဆဲသာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတွင် ဆင်ယင်ကျင်းပလျက်ရှိသည်။
Jan 14,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကင်းရှင်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာသန့်ရှင်းသာယာလှပရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Jan 14,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မိ၊ မြို့ဖများ စုပေါင်းဆောင်ရွက်မည့် သီတဂူစက္ခုဒါနအလှူတော်အား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်ရှိ မြတ်ရတနာ ဟော်တယ် အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။