မိုင်းယောင်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နွေရာသီသင်တန်းနှင့် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဝမ်ပုံဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၅) ဦးဇော်ထူးနိုင်နှင့် တက်ရောက်လာသူများက နွေရာသီကျောင်းပတ်ရက်တွင် သင်တန်များ၊ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ထွေ/အုပ်အမှုထမ်းများ၏ တစ်ပိုင်တစ်နိုင် စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုပြီး အဆိုပါစိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ခူးဆွတ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း